လားရှိုး မတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လာရှိုးခရိုင်ရုံးက ကြီးမှူး၍ အခြေခံရေဆေးပန်းချီသင်တန်း (၁/၂၀၂၆) ဆင်းပွဲအခမ်းအနားကို ယမန်နေ့က လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ရှိ သင်တန်းခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ခရိုင်ဦးစီးမှူး ဦးစိုင်းထွန်းနေလှိုင်က အခြေခံရေဆေးပန်းချီသင်တန်း ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းအား အမှတ်(၁၇) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးရဲနိုင်က အခြေခံရေဆေးပန်းချီ ရေးဆွဲနည်းများအား မတ်လ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၅၂ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)