ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်ဆွေးနွေးပွဲတက်ရောက်

ကချင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အခြေခံအထက်တန်းအဆင့် သင်ကြားသင်ယူမှု ပိုမိုထိရောက်စေရေး ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တာလေမြို့၌ စာဖတ်ရှိန်မြင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများထံ သွားရောက်အခမဲ့ ငှားရမ်းပေးခဲ့ကြသည်။

သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ ညနေ ၂ နာရီခွဲက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပရာ Grade-8 ကျောင်းသား၊ ကျောင်းသူ(၅၅)ဦး တက်ရောက်ခဲ့ကြသည်။

တောင်တွင်းကြီးမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီ ဈေးနှုန်းသက်သာစွာ ရောင်းချ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက် ၉ နာရီက တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပွင့်လင်းရာသီရောက်ရှိလာတော့မည်ဖြစ်၍ မင်းတုန်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ပွင့်လင်းရာသီရောက်ရှိလာတော့မည့်ဖြစ်၍ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ ယမန်နေ့ ညနေ ၃ နာရီခွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှရပ်ကွက်၊ ကျေးရွာများသို့ မီသတ်ယာဉ်ဖြင့် လှည့်လည်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခဲ့သည်။

ငပုတောမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုး‌တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စကားရည်လုပွဲ ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊‌ ငပု‌တောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (အ.လ.က) ရွှေမြကွင်း‌ ကျောင်းနှင့်အလင်းတန်းစာကြည့်တိုက်ကော်မတီတို့ပူး‌ပေါင်း၍ စကားရည်လုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက (အ.လ.က )ရွှေမြကွင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်၌ အကြိုအ​ခြေခံမီးသတ်သင်တန်း (၁/၂၀၂၅) ဆင်းပွဲကျင်းပ

မ​ကွေးတိုင်း​ဒေသကြီး​၊ ‌ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြန်မာ့​ရေနံနှင့်သဘာဝဓါတ်​ငွေ့လုပ်ငန်း၊​ ချောက်/လမ်းရွာ​ ရေနံ​မြေရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအကြို အ​ခြေခံမီးသတ်သင်တန်း (၁/၂၀၂၅) ဆင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ချောက်/လမ်းရွာ ရေနံမြေ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းကျောင်းတွင် ကျင်းပ​သည်။

မြို့သစ်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများသည် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရပ်ကွက်အတွင်း သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ဆိပ်ကမ်းသာယာလှပရေးနှင့်စနစ်တကျဖြစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဆိပ်ကမ်းသာယာလှပရေးနှင့် စနစ်တကျဖြစ်စေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၂ ရက်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ရေယာဉ်အသင်းကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် စားသောက်ကုန်ထုတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းတွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန၌ ဆောင်ရွက်သည်။
Subscribe to