နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အထူးကုဆရာဝန်ကြီးများမှ ကွင်းဆင်းဆေးကုသ ပေးနေမှုကြည့်ရှုအားပေး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များနှင့်အတူ တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာ၊ မင်္ဂလာရန်အောင် ဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်ပြည်သူ့ဆေးရုံခုတင်(၃၀၀)နှင့် တပ်ကုန်းမြို့ ပြည်သူ့ဆေးရုံ ခုတင်(၁၀၀)တို့မှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းဆေးကုသ ပေးနေမှု ကို ကြည့်ရှုအားပေးပြီး လာရောက်ဆေးကုသမှုခံယူသူများအား အဟာရဖြည့်စားသောက် ဖွယ်ရာများပေးအပ်သည်။