သရက်ချောင်းမြို့နယ်၊ အ.မ.က ပန်းတောမူလွန်ကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ အ.မ.က ပန်းတောမူလွန်ကျောင်း၌ ယနေ့နံနက် ၈နာရီခွဲအချိန်က “အကျိုးကျေးဇူးမျိုးစုံရရှိဖို့ စိုက်ပျိုးပြုစုထိန်းသိမ်းစို့” ဆောင်ပုဒ်နှင့်အညီ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတ ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပသည်၊၊