ပေါင်းတည်၌ နွေစပါးစိုက်ပျိုးရန် တောင်သူများ နွေထယ်ရေးခံထွန်ယက်နေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး

ပေါင်းတည် ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၆ ခုနှစ် ၊ နွေစပါး စိုက်ပျိုးထုတ်လုပ်ရေးအတွက် စပါးမစိုက်ပျိုးမီ စိုက်ပျိုးမြေများအား နွေထယ်ရေးခံခြင်းလုပ်ငန်းကို တောင်သူများဆောင်ရွက်လျက်ရှိသည်။

ထိုသို့ တောင်သူများအနေဖြင့် နွေစပါးများ ဖြစ်ထွန်းအောင်မြင်ရေးအတွက် ပိုးမွှားကင်း‌စင်ရေး၊ မြေဆီဩဇာရရှိရေး၊ မြေပြုပြင်နိုင်ရေးတို့အတွက် နွေထယ်ရေးခံ ထွန်ယက်လုပ်ကိုင်နေမှုများကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များက လှည့်လည်ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး နွေစပါး ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မျိုးကောင်း မျိုးသန့်စပါးမျိုးများ‌‌ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ခေတ်မီစိုက်နည်းစနစ်များအသုံးပြု စိုက်ပျိုးနိုင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်စေရေးတို့အတွက် ပူးပေါင်းကြိုးပမ်းလုပ်ကိုင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

ရွှေသား(IPRD)