မိုင်းပန်-ကုန်းကျိုင်းလမ်း ကျောက်လမ်းမှ ကတ္တရာလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်(မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုင်းပန်-ကုန်းကျိုင်းလမ်း ကျောက်လမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်၏ (၂၄)နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲ ကျင်းပ

ပခုက္ကူတက္ကသိုလ်၏ (၂၄)နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲ ကျင်းပ ပခုက္ကူ ဇန်နဝါရီ ၂၄ ခရိုင်(ပြန်/ဆက်)

သာပေါင်းမြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်တွင် စဉ်ဆက်မပြတ်ကြပ်မတ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ကွက်ပြင်ကျေးရွာအုပ်စု၊ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင် စစ်ဆေးဂိတ်တွင် ဆောင်ရွက်ကြကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် ရိုးရာအက သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေး ဝမ်းကျောင်းသင်တန်းများနှင့် ရိုးရာအက သင်တန်းဖွင့်ပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ဟုမ္မလင်းမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့တွင် ကျောက်ဖရုံသီးများ အရွယ်အစားပေါ်မူတည်၍ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံတောင်သူများမှာ မိမိတို့၏ တောင်ယာခင်းများနှင့် အိမ်ခြံဝင်းများအတွင်းတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ကျောက်ဖရုံပင်များမှ ကျောက်ဖရုံသီးများ ဆွတ်ခူးရောင်းချချိန် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

ပခုက္ကူမြို့၌ ပုဂ္ဂလိကဆေးရုံများ မီးဘေးလုံခြုံမှုရှိစေရေးကွင်းဆင်းစစ်ဆေး

ပခုက္ကူမြို့၌ ပုဂ္ဂလိကဆေးရုံများ မီးဘေးလုံခြုံမှုရှိစေရေးကွင်းဆင်းစစ်ဆေး ပခုက္ကူ ဇန်နဝါရီ ၂၄ ခရိုင်(ပြန်/ဆက်)

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်ဆွေးနွေးပွဲတက်ရောက်

ကချင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အခြေခံအထက်တန်းအဆင့် သင်ကြားသင်ယူမှု ပိုမိုထိရောက်စေရေး ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တာလေမြို့၌ စာဖတ်ရှိန်မြင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများထံ သွားရောက်အခမဲ့ ငှားရမ်းပေးခဲ့ကြသည်။

သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ ညနေ ၂ နာရီခွဲက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပရာ Grade-8 ကျောင်းသား၊ ကျောင်းသူ(၅၅)ဦး တက်ရောက်ခဲ့ကြသည်။

တောင်တွင်းကြီးမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီ ဈေးနှုန်းသက်သာစွာ ရောင်းချ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက် ၉ နာရီက တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Subscribe to