ဘားအံ ဒီဇင်ဘာ ၃၁
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာရှိ အောင်သပြေလယ်ယာနှင့်အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းက စိုက်ပျိုးထားရှိသောဆောင်းဆီထွက်သီးနှံ(မြေပဲ)စိုက်ခင်းများသို့ ဒီဇင်ဘာ(၂၉)ရက်နေ့တွင် ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ပြည်နယ်ဦးစီးမှူးက အောင်သပြေလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
အောင်သပြေလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း သမဝါယမကဏ္ဍမှ အသင်းအချင်းချင်းပံ့ပိုးငွေဖြင့် မြေပဲစိုက်အသင်းသား တောင်သူ(၂၀)ဦးက စိုက်ဧက(၁၀၀) စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)