ပြည်မြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များဖြန့်ဝေ

ပြည် ဒီဇင်ဘာ ၃၁

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ထုတ်ဝေသည့် အသိပညာပေး “သတင်းစကား” လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်မြို့ရှိ ရပ်ကွက်/ကျေးရွာပြည်သူများနှင့် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်သည်။

အဆိုပါ “သတင်းစကား” လက်ကမ်းစာစောင်တွင် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အမျိုးသားရေးဦးတည်ချက်များ၊  ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် “လွတ်လပ်ရေး၏ အဓိပ္ပါယ်”နှင့် (NCA)(၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး‌ကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်အပါအဝင် လွတ်လပ်ရေးနေ့သမိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာ သတင်းစကား/ကောက်နုတ်ချက်များနှင့် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ စုံလင်စွာဖော်ပြပါရှိသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လွတ်လပ်ရေးနေ့အပါအဝင် နိုင်ငံတော်၏ နေ့ထူး/နေ့မြတ်သမိုင်းဆိုင်ရာ အနှစ်သာရများကို မျိုးဆက်သစ်လူငယ်များနှင့်  ပြည်သူများအားလုံး မမေ့မပျောက်သိရှိနိုင်စေရန်နှင့် အမြဲအမှတ်ရနေစေရန် သက်ဆိုင်ရာနေ့ရက်အလိုက် သမိုင်းဆိုင်ရာအချက်အလက်များကို  “သတင်းစကား”အမည်ဖြင့် အသိပညာပေး လက်ကမ်းစာစောင်များထုတ်ဝေ၍ နိုင်ငံတစ်ဝန်းပြည်သူများထံ နှစ်စဉ်အခမဲ့ဖြန့်ဝခြင်း ဆောင်ရွက်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)