မုံရွာ ဒီဇင်ဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးမီးသတ်စခန်းသို့ရောက်ရှိရာ မကြာမီ ပွင့်လင်းရာသီရောက်ရှိ တော့မည်ဖြစ်ပါ၍ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးငြိမ်းသက်ယာဉ်များ၊ ရေသည်ယာဉ်များ အသင့်ပြင် ဆင်ထားရှိမှုများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဝယ်ယူဖြည့် တင်းထားရှိသည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် တိုင်းဒေသကြီး မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၏ သရုပ်ပြသမှုများအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါမီးသတ် စခန်းအတွင်း ခင်းကျင်းပြသထားရှိသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းထားရှိသည့် ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား ကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်မီးသတ်စခန်းများသို့ ပြန်လည်ဖြန့်ဖြူးပေးမည့် မီးငြိမ်းသတ်ယာဉ်များနှင့် ရေသည်ယာဉ်များအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါမီးသတ် စခန်းရှိ မုံရွာမြို့အား ၂၄ နာရီ မီးဘေးအန္တရာယ်စောင့်ကြည့်ရေး Control Center အခန်း သို့ရောက်ရှိရာ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးမှ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် တည်ဆောက်ထားရှိသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်လျင်မြန်၊ မြန်ဆန်ရန်အတွက် လေ့ကျင့်ရေးအဆောက်အဦ တည်ဆောက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါမီးသတ် စခန်းဝန်းအတွင်းရှိ ဝန်ထမ်းများနှင့်မိသားစုဝင်များ စားဝတ်နေရေး သာသက်ချောင်ချီရေး အတွက် စားဖိုဆောင်သီးနှံများစိုက်ပျိုးထားရှိမှု၊ ဒေသကြက်၊ ဘဲ၊ မန်ဒါလီများ မွေးမြူထား ရှိများအား လည်းကောင်း၊ လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလလူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စည်ပင်သာယာရေးအသင်းနှင့် မုံရွာပညာရေးဒီဂရိကောလိပ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလလူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ Fitness Dance ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်း၊ ဒုတိယဆုရရှိခဲ့သည့် စည်ပင်သာယာရေးအသင်းနှင့် ပထမဆုရရှခဲ့သည့် မုံရွာသူနာပြုနှင့်သားဖွားသင်တန်း ကျောင်းအသင်းများ၏ Fitness Dance အကများဖြင့် ဖျော်ဖြေမှုများအား ကြည့်ရှုအားပေး ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက Fitness Dance အကများဖြင့် ဖျော်ဖြေသွားကြသည့် အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုများအား ဆက်လက်အားပေးရာ စည်ပင်သာယာရေးအသင်းမှ မုံရွာပညာရေးဒီဂရီကောလိပ်အသင်းအား (၁)ဂိုး၊ ဂိုးမရှိဖြင့် ပထမရရှိသွားကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)