မော်လမြိုင်မြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထုတ်ဆီးတိုးပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲကျင်းပ

မော်လမြိုင် ဇန်နဝါရီ ၃

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့ကစတင်၍ ရာမညအားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

အားကစားပြိုင်ပွဲများကို မော်လမြိုင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ လူငယ်၊ လူရွယ်များ၊ အားကစားဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်ကြပြီး ထုတ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲများအား အသက်အရွယ်အလိုက် အားကစားပြိုင်ပွဲများကို ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများကို တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ