သံတောင်ကြီးဒေသတွင် တံမြက်စည်းများ ချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

သံတောင်ကြီး ဇန်နဝါရီ ၆

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည်တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ   ယခုကာလအချိန်တွင် တောတောင်များ၊ တောင်ကုန်းတောင်တန်းများ၊ သံတောင်-သံတောင်ကြီးကားလမ်းဘေးဝဲယာများ၊ နေအပူချိန်မြင့်သောနေရာများနှင့် တောင်ယာဒေသများတွင်  သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော တံမြက်စည်းပင်များကို ဒေသခံပြည်သူများကစတင်ချိုးယူရောင်းချကာ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

တံမြက်စည်းပင်များသည်  သံတောင်-သံတောင်ကြီးမြို့ရှိ   ကားလမ်းဘေးဝဲယာများတွင်  နေရာကွက်၍ ပေါက်ရောက်ပြီးတောင်ယာများ၊  ဉယျဉ်ခြံများတွင်  အစုလိုက်ပေါက်ရောက်လျက်ရှိရာ ဒေသခံပြည်သူများသည် တံမြက်စည်းပင်များကို ချိုးယူပြီး သံတောင်ကြီးမြို့ရှိ တံမြက်စည်းဝယ်ယူသူများထံသို့ ရောင်းချကြသည်။

ဒေသခံပြည်သူများက   တံမြက်စည်းများကိုချိုးယူကာ ဝယ်လက်များထံသို့ရောင်းချရာတွင်  အချောင်းတစ်ရာတစ်စီးလျှင် ကျပ်(၆၀၀) မှကျပ်(၇၀၀) အထိလည်းကောင်း၊ တံမြက်စည်းများကို အခြောက်လှန်းကာ အပွင့်မှုန်များအား ရိုက်ချွေပြီး အိမ်သုံးတံမြက်စည်းချောများပြုလုပ်ပြီး  ပြန်လည်ရောင်းချရာတွင် တံမြက်စည်းတစ်ချောင်းကို ကျပ် (၃၀၀၀)မှ ကျပ် (၃၅၀၀)ထိ ရရှိကာ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

နော်နော်မူ