ပေါက်ခေါင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပေါက်ခေါင်း ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဥ် (၁/၂၀၂၆) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက သင်တန်းဖွင့်ပွဲမိန့်ခွန်းပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုရဲမှူး ဦးထွန်းမင်းအောင်က သင်တန်းသားများအတွက် အရန်မီးသတ်တူညီဝတ်စုံများပေးအပ်ခဲ့ကာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမျိုးသူအောင်မှ သင်တန်းဖွင့်လှစ်ရခြင်းရန်ရွယ်ချက်များအား ပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ အမှတ်(၃) ရပ်ကွက်မှ ဦးသန်းထူးအောင်မှ ​အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးအတွက် ရန်ပုံငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)