ပန်းတနော်မြို့တွင် ၂၀၂၅ ခုနှစ် စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Center) ရွှေနော်သီရိခန်းမ၌ ယမန်နေ့က ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ်၊ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် (၉) နာရီအချိန်က အ.ထ.က ဥသျှစ်ပင်ကျောင်းနှင့် အ.မ.က ယင်းရွာ ကျောင်းသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အိမ်မဲမြို့နယ်(အ.ထ.က) ရွာသစ်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာ (အ.ထ.က) ရွာသစ်ကျောင်း၌ ကျင်းပခဲ့သည်။

ပုလောမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတ ထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက ပုလောမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ  အထက်တန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း ၁၅၀ ဦးခန့်  တက်ရောက်ခဲ့ကြသည်။

သံတောင်ကြီးမြို့တွင် အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက် (၂) နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ စဉ်ဆက်ပညာရေး လုပ်ငန်းမြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မဟာဆောင်ခန်းမတွင် ယမန်နေ့နံနက်(၉)နာရီက စဉ်ဆက်ပညာရေး လုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်မြို့ ဆုံစည်းရာစာဖတ်ဝိုင်းအဖွဲ့မှ ပခုက္ကူစာပေဆုနှင့် ၂၀၂၃ ခုနှစ်၊ စာပေဗိမာန်စာမူဆု ရရှိသူများအား ဂုဏ်ပြုပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဆုံစည်းရာစာဖတ်ဝိုင်းအဖွဲ့မှ ပခုက္ကူစာပေဆုနှင့် ၂၀၂၃ ခုနှစ်၊ စာပေဗိမာန်စာမူဆုရရှိသူ စာရေးဆရာများအား ဂုဏ်ပြုသည့် အခမ်းအနားကို ယမန်နေ့က ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါအဖွဲ့မှ နာယကများနှင့် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာများ တက်ရောက်ကြသည်။

ပိုင်ကျုံမြို့နယ်တွင် ကျွဲ၊ နွားကာကွယ်ဆေးထိုးနှံပြီး ပိုင်ရှင်များအား ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ မိုးနိုင်းကျေးရွာအုပ်စုသို့ ယနေ့နံနက်ပိုင်းက မြို့မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကွင်းဆင်း၍ ကျွဲ၊ နွား မွေးမြူထားရှိသော တောင်သူများနှင့် တွေ့ဆုံကာ ကျွဲ၊ နွားများနှင့်ပတ်သက်သည့် ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းနှင့် ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

သဲကုန်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး၊ နံရံကပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်း(တပ်)ကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မိတ္ထီလာမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၈)နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက် ၉နာရီ ၃၀မိနစ် အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to