ကျိုက်မရော ဇန်နဝါရီ ၆
ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျိုက်မရော မြို့ အ.မ.က ၁(မူလွန်)ကျောင်း၌ ပြုလုပ်သည်။
ဦးစွာ အ.မ.က(မူလွန်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိူလွင်က ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြင့်တင်ရေးအတွက် ပညာပေးဟောပြောရခြင်းဖြစ်ကြောင်း ပြောကြားပြီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည်ရူခဲ့ကြသည်။
ချိူမြတ်မြတ်ထွေး (ပြန်/ဆက်)