မိုးညိုမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေး
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် မိုးညိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရန်အတွက်မိုးညိုမြို့နယ်အတွင်းရှိ မဲပေးခွင့်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး၊ ပျက်စီး၊ မထင်ရှားဖြစ်နေသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန OSS ခန်းမ၌ ယမန်နေ့တွင် One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေးခဲ့သည်။