မုဒုံ ဇန်နဝါရီ ၆
မွန်ပြည်နယ်၊ မုဒုံမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးမွမ်းမံသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က အထက(၁)ကျောင်းရှိ ရှင်အရဟံခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မုဒုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်သိမ်းက မဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများအား မိမိတို့တာဝန်ထမ်းဆောင်ကြသည့် မဲရုံများ၌ အခန်းကျယ်ဝန်းမှုနှင့် လုံခြုံမှုရှိစေရေး၊ မဲဆန္ဒရှင်များအနေဖြင့် မဲရုံထဲသို့မဝင်ခင် မဲစာရင်းစစ်ဆေးမှုများ မှန်ကန်မှုနှင့် မြန်ဆန်မှုရှိစေရန် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို နည်းပြများအဖြစ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဝေနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများက အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့် ဆရာ/ဆရာမ (၁၀၀) ဦးအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရာမည