မင်းလှ ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)အဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရပ်ကွက်/ကျေးရွာနေမဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက စတင်၍ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌လည်းကောင်း၊ အိမ်တိုင်ရာရောက် တစ်အိမ်တတ်ဆင်းကွင်းဆင်း၍လည်းကောင်း ကြိုတင်ဆန္ဒမဲများကောက်ယူခြင်းလုပ်ငန်းကို ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပါတီကိုယ်စာလှယ်များပူပေါင်း၍ ဆောင်ရွက်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူများက ကြိုတင်ဆန္ဒမဲများပေးနှံခဲ့ကြောင်း ကြိုတင်မဲများကို ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)