ကျိုက်မရော၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများပုံမှန် ထုတ်ပေး

ကျိုက်မရော မေ ၂၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများအား ယနေ့နံနက် ၈ နာရီအချိန်ကစတင်ကာ ပုံမှန်အတိုင်းထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ကျိုက်မရောမြို့နယ်အတွင်း၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဦးရေ(၇၀၀)ကျော်ခန့်ရှိပြီး လုပ်သက်ပြည့်ပင်စင်နှစ်ပြည့်ပင်စင်၊ လျော့ပေါ့ပင်စင်၊ ဆေးပင်စင်စသည်ဖြင့် အငြိမ်းစားဝန်ထမ်းများ၏ လစဥ်ပင်စင်ထုတ်ရက်ကို ပုံမှန် ၂၁ ရက်မှ လကုန်ရက်ထိ သတ်မှတ်ကာဘဏ်ဖွင့်ချိန် နေ့စဥ်နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ စနစ်တကျထုတ်ပေးလျက်ရှိရာ အသက်အရွယ်ကြီးသူ အငြိမ်းစားဝန်ထမ်းများ၏ ကျန်းမာရေးအခြေအနေအရ အနားယူအပန်းဖြေနိုင်စေရန် ဘဏ်အနီးရှိနားနေခန်းတွင် စနစ်တကျထားရှိပေးပြီး  လိုအပ်သည့် အထောက်အထားများနှင့်အတူ အချိန်နှင့်တစ်ပြေးညီ  စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲမန်နေဂျာ ဒေါ်မာမာလွင်ထံမှ သိရသည်။

 မြို့နယ်(ပြန်-ဆက်)