ပန်းဘဲတန်းမြို့နယ်ရုံးတွင် လူငယ်နှင့်စာပေအသိပညာပေး Talk Show ဆောင်ရွက်

ပန်းဘဲတန်း   မေ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရုံး၌ ယနေ့နံနက်(၁၀)နာရီတွင် လူငယ်များအနေဖြင့် သုတစာပေ၊ ရသစာပေများကို လေ့လာဖတ်ရှုပြီး အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show  ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဦးဆန်းကြည်နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းဝင်စာရေးဆရာမ ညွန့်ညွန့်(ကလော)တို့က လူငယ်များအနေဖြင့် စာပေများလေ့လာဖတ်ရှုရာတွင် သုတစာပေများကို ဖတ်ရှုလေ့လာလျှင် အသိပညာဗဟုသုတများရရှိပြီး ရသစာပေများ လေ့လာဖတ်ရှုလျှင် ကောင်းမွန်သည့်ခံစားချက်များ ရရှိနိုင်ကြောင်း၊ သုတစာပေ၊ ရသစာပေနှင့် အွန်လိုင်းမှတဆင့် လွှင့်တင်ထားသောစာပေများကို ဖတ်ရှုခြင်းအားဖြင့် မည်ကဲ့သို့ကောင်းကျိုး၊ ဆိုးကျိုးများ၊ အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းကို  အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ဦးဆန်းကြည်