လွိုင်လင် မေ ၂၂
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် Grade - 9 (သင်ရိုးသစ်)ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲ(၂)နာရီက အထက(၁)လွိုင်လင်မြို့ နဝဒေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပင်လုံတက္ကသိုလ်အခြေပြု၊ လွိုင်လင်မြို့နယ်ရှိ အခြေခံပညာကျောင်း(၆)ကျောင်း၌ ဘာသာရပ်အလိုက် Grade-9 (သင်ရိုးသစ်)ဆင့်ပွားသင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဒေါက်တာ မြင့်မြင့်အေးက သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး (ပညာ) ဒေါ်ဝင်းမာလှိုင်မှ သင်တန်းပတ်သက်ပြီး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ကြေင်း သိရသည်။
အဆိုပါ ဘာသာရပ်အလိုက် Grade - 9 (သင်ရိုးသစ်)ဆင့်ပွားသင်တန်းများသို့ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ တက်ရောက်ကြပြီး မေလ ၁၆ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ မြန်မာစာဘာသာရပ်တွင် ဆရာ/ဆရာမ (၁၂၈)ဦးတို့အား အထက(၁)လွိုင်လင်တွင်လည်းကောင်း၊ အင်္ဂလိပ်စာဘာသာရပ်တွင် (၁၄၀)ဦးတို့အား အထက(၂)လွိုင်လင်တွင်လည်းကောင်း၊ သင်္ချာဘာသာရပ်တွင် (၁၅၄)ဦးတို့အား အလက(၁)လွိုင်လင်တွင်လည်းကောင်း၊ သိပ္ပံဘာသာရပ်တွင် (၁၁၅)ဦးတို့အား အထက(၁)ပင်လုံတွင်လည်းကောင်း၊ ပထဝီဘာသာရပ်တွင်(၁၀၀)ဦးတို့အား အလက(၃)ပင်လုံတွင်လည်းကောင်း၊ သမိုင်း၊ စာရိတ္တ၊ ပြည်သူ့နီတိဘာသာရပ်တွင် (၁၃၀)ဦးတို့အား အထက(၃)ပင်လုံတွင်လည်းကောင်း စုစုပေါင်းသင်တန်းသား ဆရာ/ဆရာမ (၉၀၀)ကျော်ကို စာသင်ခန်းပေါင်း(၂၂)ခန်းဖြင့် နည်းပြ ဆရာ(၄၄)ဦးတို့က သင်ကြားပြသပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)