မဟာအောင်မြေ မေ ၂၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာဦးမောင်မောင် (မင်းဏီလူ) တို့ပူးပေါင်းကျင်းပသော မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးဘိုဘိုဟန်က မသန်စွမ်းသူများနှင့်ပတ်သက်သည့် အကြောင်း အရာများ ဆွေးနွေးမေးမြန်းရာ စာရေးဆရာဦးမောင်မောင် (မင်းဏီလူ) က မသန်စွမ်းဆိုတာ ကိုယ်လက်အင်္ဂါချို့ယွင်းတာ၊ မွေးရာပါခြေလက်အင်္ဂါမစုံတာ၊ တစ်ချို့ဆို ဆွံ့အနားမကြားဖြစ်တာမျိုး၊ တချို့ငယ်စဉ်ကတည်းက မျက်စိကွယ်တာမျိုးကို ကာယမစွမ်းလို့ခေါ်ပြီး မိမိမှာရှိသင့်ရှိထိုက်တဲ့ ဉာဏ်ရည်မပြည့်တာကို ဉာဏမသန်းစွမ်းလို့ခေါ်ဆိုကြောင်း၊ မသန်စွမ်းတွေကိုမပြစ်ပယ်သင့်ကြောင်း၊ ခန္ဓာကိုယ်မသန်စွမ်းပေမဲ့ ဉာဏ်ရည်သန်စွမ်းတဲ့သူတွေရှိကြောင်း၊ မသန်စွမ်းတဲ့ သူတွေကို လူအသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာရှိရှိနေနိုင်ဖို့အတွက် အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေကို တရားမျှတစွာရရှိရန် လိုအပ်ကြောင်းစသည်များ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
အောင်ဇော်မင်း