မန့်ဟီးရိုး မေ ၂၂
၂၀၂၃-၂၄ ပညာသင်နှစ်၊ အစိုးရအခြေခံပညာရေးကျောင်းများကို ဧပြီလထဲတွင် ပြန်လည်ဖွင့်လှစ် သင်ကြားတော့မည်ဖြစ်၍ စာသင်ကျောင်းနှင့်စာသင်ခန်းများ သန့်ရှင်းမှုရှိစေရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ယနေ့နံနက်(၉း၀၀)အချိန်က ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်းကာ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းနှင့် စာသင်ခန်းများအတွင်း စုပေါင်းသန့်ရှင်းရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးတွင် မန့်ဟီးရိုးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကာကွယ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်း၍ အခြေခံပညာအထက်တန်းကျောင်းတွင် အမှိုက်ဆွေးများ၊ သစ်ရွက်ခြောက်များနှင့် စွန်ပစ်အမှိုက်များ ရှင်းလင်းခြင်း၊မြက်ပင်ရှည်များနှင့်ပေါင်းပင်များကို မြက်ရိတ်စက်ဖြင့် ရှင်းလင်းခြင်း၊ ရှင်းလင်းပြီးအမှိုက်များကို အမှိုက်ကျင်းတွင် စနစ်တကျမီးရှို့ခြင်း၊ မိုခါမုန်တိုင်းအန္တရာယ်၌ အဖျားရိုက်ခတ်ပြီး ကျိုးပဲ့နေသော သစ်ပင်/သစ်ကိုင်းများကို ခုတ်ထွင်ရှယ်ရှားခြင်းနှင့် စာသင်ကျောင်းအတွင်း/အပြင် ပျက်စီးမှုများကိုပြုပြင်ခြင်း စသည့်တို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်ပြီး မန့်ဟီးရိုးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်နှင့်တကွ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိကြသူများက ကျောင်းဆောင် အမိုးအကာများပျက်စီးမှု ရှိ/မရှိ၊ စာရေးခုံများခိုင်ခံ့မှုရှိ/မရှိ၊ ကျောင်းသား/သူများအတွက် သောက်သုံးရေသန်ရှင်းမှု ရှိ/မရှိနှင့်အိမ်သာသန့်ရှင်းရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဖြည့်စွက်လုပ်ဆောင်ရမည်တို့ကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
မန့်ဟီးရိုး(ပြန်/ဆက်)