ကန့်ဘလူ မေ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် ဇီးကုန်းမြို့တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၁၈၈၅ ဒသမ ၂၃၇ သန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၇၁၄၄ ဒသမ ၁၃၄ သန်း စုစုပေါင်း ကျပ် ၉၀၂၉ ဒသမ ၃၇၁ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အနေဖြင့် သဖန်းဆိပ်တမံ Slope ရှိ Berm Drain ပျက်စီးနေသည့် နေရာများအားပြုပြင်ခြင်း၊ ဓာတ်အားပေးစက်ရုံအမှတ်(၂)၏ Excitation System အဆင့်မြှင့်တင်ခြင်း၊ မင်းမြင်ဆည်ရေသောက်စနစ် ပြုပြင်ထိန်းသိမ်းခြင်း၊ သိန်ရင်ရေလှောင်တမံနှင့် ဆည်ရေသောက်စနစ် ပြုပြင်ထိန်းသိမ်းခြင်း၊ မပြီးပြတ်သေးသော ကျောင်းဆောင်များ အပြီးသတ်ဆောက်လုပ်ခြင်း၊ ကျောင်းသားဦးရေအရ ကျောင်းဆောင်သစ် (Steel Structure) များဆောက်လုပ်ခြင်း၊ အုတ်တံတိုင်းကာရံခြင်း၊ အုတ်ရေမြောင်းပြုလုပ်ခြင်း၊ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သန့်စင်ခန်းများ ဆောက်လုပ်ခြင်း၊ ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂပစ္စည်းများ ဝယ်ယူခြင်း၊ ကွန်ကရစ်ရေကန်တည်ဆောက်ခြင်း၊ မြို့တွင်းလမ်းများ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၊ကွန်ကရစ်လမ်းခင်းခြင်း၊ Box Culvert များတည် ဆောက်ခြင်း၊ လမ်းကြားများ၌ ကျောက်ရေမြေခင်းခြင်း၊ ကွန်ကရစ်ရေကျော်ပြုလုပ်ခြင်း၊ ကျေးရွာအဝင်လမ်း ကတ္တရာခင်းခြင်း၊ လမ်းပခုံးများပြုလုပ်ခြင်း၊ ကျေးရွာချင်းဆက်လမ်း မြေသားတာဘောင်တင်ခြင်း၊ ရေကျော် တည်ဆောက်ခြင်း၊ ကျေးရွာချင်းဆက်လမ်းတွင် Box Culvert များတည်ဆောက်ခြင်း၊ ကြက်တောင်ရုံ နှစ်ထပ်လျှာထိုးကြမ်းခင်းခြင်း၊ စကိုးလ်ပြုလုပ်ခြင်း၊ ကျေးရွာချင်းဆက်ကျောက်လမ်းမှ ကတ္တရာခင်းခြင်း၊ ကျေးရွာချင်း ဆက်လမ်းမြေသားလမ်းမှ ကတ္တရာခင်းခြင်း၊ ကျောက်ရိုးစီ Box Culvert တည်ဆောက်ခြင်း၊ မြို့နယ်ချင်းဆက် လမ်း၊ မြို့ရှောင်လမ်းအပါအဝင် မူလလမ်းအားချဲ့၍ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)