ကျွန်းလှ မေ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြခံပညာ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၉ နာရီက ကျောင်းအပ် စတင်လက်ခံခြင်း ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ အတန်းလိုက် ဆရာ၊ ဆရာမများက စနစ်တကျ ကျောင်းအပ်လက်ခံပေးကြကြောင်း၊ KG တန်းမှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများကို ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ကျောင်းဝတ်စုံ၊ ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုအနေဖြင့် အထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၈ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၄ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁ ကျောင်း၊ မူလတန်းကျောင်း ၅ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂ ကျောင်း၊ စုစုပေါင်းကျောင်းပေါင် ၂၂ ကျောင်းဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးဝင်းညို
(ကျွန်းလှ)