ကျွန်းလှမြို့နယ်၌ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနေမှု ကြည့်ရှုအားပေး

ကျွန်းလှ မေ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး ဆောင်ပုဒ် အတိုင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မေ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်နှံ လက်ခံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (သစ်ရာမြိုင်)၌ ကျောင်းအပ် လက်ခံပေး လျက်ရှိကြောင်း သိရသည်။

ထို KG တန်းမှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံပေးခြင်းကို ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးအောင် ကြီးကြပ်ပြီး ဆရာ၊ ဆရာမများက စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံပေးနေခြင်းအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အ‌ခြေခံပညာကျောင်းပေါင်း (၂၀) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂) ကျောင်း၊ စုစုပေါင်း (၂၂) ကျောင်း ဖွင့်လှစ်မည်ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ