မိုင်းဆတ် မေ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီမှ စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က စီမံကိန်းလုပ်ငန်းတာဝန်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က လယ်ယာ၊ သားငါးကဏ္ဍစီမံကိန်းတာဝန်အား မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးမှူး ဦးမင်းဇော်အားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးဘိုဘိုက ဆောက်လုပ်ရေးဝန်ကြီးဌာန လုပ်ငန်းစီမံကိန်းများကို လမ်းဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်စန်းအား လည်းကောင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်က ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ခိုင်မြင့် အားလည်းကောင်း စီမံကိန်းလုပ်ငန်းတာဝန်များကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)