ဒလ မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ဒလ မြို့နယ်စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့က အ.မ.က(၁၃)ကျောင်းနှင့် အ.မ.က (၁၅) ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် မိုးရွာသွန်းပြီး ခြင်ပေါက်ပွားမှု များပြားလာခြင်း၊ မိုးဦးကျရာသီဖြစ်ခြင်းနှင့် မကြာမီအချိန်အတွင်း စာသင်ကျောင်းများပြန်ဖွင့်တော့မည်ဖြစ်၍ ကျောင်းသား၊ကျောင်းသူများ ဆရာ၊ ဆရာမများ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် ငှက်ဖျားရောဂါကင်းဝေးစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း၊ အဘိတ်(Abate) ဆေးခတ်ခြင်းလုပ်ငန်းနှင့် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာများသို့ သွေးလွန် တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဇော်