ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

ပင်းတယ မေ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ကျောင်းသားမိဘများက မိမိတို့၏သား/ သမီးများနှင့်အတူ ပျော်ရွှင်အေးချမ်းစွာဖြင့် လာရောက်အပ်နှံကြပြီး တာဝန်ကျ ဆရာ/ဆရာမများကလည်း ရင်းနှီးဖော်ရွေစွာဖြင့် ကြိုဆိုလက်ခံပေးကြကြောင်းနှင့် ပင်းတယမြို့နယ်တွင် အခြေခံ ပညာအထက်တန်းကျောင်း (၉)ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (၇)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၇)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) (၁၂) ကျောင်း၊ မူလွန်ကျောင်း (၇)ကျောင်း၊ မူလတန်းကျောင်း(၇၄)ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ) (၄)ကျောင်း၊ စုစုပေါင်းအခြေခံပညာကျောင်း (၁၂၀)ကျောင်းရှိပြီး သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် သူငယ်တန်း(KG)မှ ဒွာဒဿမတန်း (Grade-12)အထိ ကျောင်းအပ်လက် ခံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)