ရွှေတောင် မေ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား ယမန်နေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ချေးရာတွင် ရွှေတောင်မြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးရန် တောဟိုင်ကျေးရွာအုပ်စုအတွင်းရှိ တောဟိုင်ကျေးရွာ၊ သခွပ်ကုန်းကျေးရွာ၊ နတ်စင်ကုန်းကျေးရွာ၊ကြို့ကုန်းကျေးရွာရှိ တောင်သူ(၁၀၄)ဦးဖြစ်ပြီး တစ်ဧကလျှင် ချေးငွေကျပ် ၁၅၀၀၀၀/-နှုန်းဖြင့် လယ်ဧက (၆၀၈)ဧကအတွက် ငွေကျပ်သိန်း (၉၁၂)သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်းရှိ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၃ ခုနှစ်၊ မေလမှစက်တင်ဘာလကုန်အထိ ထုတ်ချေးသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလကုန် သတ်မှတ်ရက်အတွင်း နောက်ဆုံးထားပေးဆပ်ရမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန်နေဂျာဒေါ်သီသီလှိုင်က ရှင်းလင်းပြောကြားခဲ့သည်။
ကိုကိုမင်း ( ပြန် / ဆက်)