လှိုင်းဘွဲ ဇန်နဝါရီ ၁၁
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အတွက် ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ (၁၁)ရက်နေ့၊ နံနက်(၆)နာရီအချိန်၌ မဲရုံစတင်ဖွင့်လှစ်သည့်အချိန်တွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဖွင့်လှစ်ထားသော မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက ရပ်ကွက်၊ ကျေးရွာများအလိုက် အေးချမ်းစွာဖြင့် ဆန္ဒမဲလာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့သက်ဆိုင်ရာ မဲရုံများသို့ လာရောက်၍ ဆန္ဒမဲများပေးကြရာတွင် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စနစ်တကျဖြစ်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၇)အုပ်စုကို တိုက်နယ်(၇)ခုခွဲ၍ မဲရုံပေါင်း(၁၄၉)ရုံ ဖွင့်လှစ်ထားရှိပြီး မဲပေးနိုင်မည့်မဲဆန္ဒရှင် ပြည်သူစုစုပေါင်း(၁၆၃၂၁၇)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
စောဒိ(ပြန်/ဆက်)