သံတောင်ကြီး ဇန်နဝါရီ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီလ (၁၀) ရက်နေ့ နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ Grade -9 ကျောင်းသား၊ ကျောင်းသူလေးများက ပညာရေးစုံညီပွဲတော်သီးချင်းဖြင့် သီဆိုပြီး မြို့နယ်ပညာရေးမှူး ဦးအောင်အောင်ပြည့်က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး သံတောင်ကြီးမြို့ အ.ထ.က ကျောင်းအုပ် ဒေါ်လိုအေးက ပညာရေးစုံညီပွဲတော်ပြုလုပ် ခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး အားကစားပြိုင်ပွဲနှင့်ဉာဏ်ဏပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ရာ တက်ရောက်လာသူများက ဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
နော်နော်မူ (ပြန်/ဆက်)