ပန်းတောင်း အောက်တိုဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းကို ယမန်နေ့ နံက်ပိုင်းကအ.လ.က ငါးဆယ်ပေကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အားကစားမှူးဒေါ်စောမာလာက ကျောင်းသား၊ ကျောင်းသူများကို အားကစားနှင့်ပတ်သတ်သော အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပြီး လက်တွေ့အားကစားနည်းများကို လေ့ကျင့်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို အတန်းလိုက်အားကစားသရုပ်ပြခြင်းလုပ်ငန်းများဆောင်ရွက်၍ အားကစားမှူးဒေါ်စောမာလာမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုမွန်သိန်းထံသို့အားကစားပစ္စည်းများလှူဒါန်းခဲ့ကြောင်းသိရသည်။
သင်းသင်းအေး (ပြန်/ဆက်)