တန့်ယန်းမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထိုးနှံပေး

တန့်ယန်း အောက်တိုဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက် (၉)နှစ်မှ (၁၀)နှစ်အတွင်း ကျောင်းနေအရွယ် အမျိုးသမီးငယ်များကို ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ  ကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းအား အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာ မူလတန်းလွန်ကျောင်းတို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံဆောင်ရွက်ပေးရာ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)