ရေတာရှည် ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ပညာရေးကဏ္ဍမြင့်မားတိုးတက်စေရန်နှင့် ဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ ပိုမိုပေါ်ထွန်းလာစေရန်အတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ရေတာရှည် အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က(ရေတာရှည်) ကျောင်းသား၊ ကျောင်းသူလေးများက မြတ်ပညာသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးက စုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ မိဘနှင့် ဆရာ၊ ကျောင်းသားတို့ကပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးသည့် ပညာတတ်လူငယ်များဖြစ်လာရေး ဝိုင်းဝန်းကြိုးစားရမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမောင်မောင်ထွန်းက စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများဖြစ်ရန်နှင့် တိုင်းပြည်အနာဂတ်အတွက် အားထားရသည့် သားသမီးရတနာများဖြစ်အောင် ကြိုးစားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ရေတာရှည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ကျပန်း၊ ဆို က ရေတီးနှင့် လူရည်ချွန်တို့တွင် ကာယ၊ ဉာဏထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ (၇၀၀)ဦးခန့် စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)