ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ပါတီစုံဒီမိုကရေစီအ‌ထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး မြောက်ဥက္ကလာပမြို့နယ်အတွင်း တာ၀န်ထမ်းဆောင်မည့်သူများအား တွေ့ဆုံမှာကြား

မြောက်ဥက္ကလာ ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် ဆုတောင်းပြည့်မယ်လမုစေတီသုံးထပ်ဆောင်တွင် ပြုလုပ်ရာ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်၊ မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့် အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကျေးကော်မရှင်အတွင်းရေးမှူးများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်က ရွေးကောက်ပွဲကျင်းပမည့် မဲရုံများတွင် ကြိုတင်ပြင်ဆင်ထားရမည့် အခြေအနေများ၊ မဲပေးရာတွင် စနစ်တကျမြန်ဆန်မှန်ကန်မှုရှိစေရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မဲပေးစက်များ စနစ်တကျကိုင်တွယ်ရမည့် အခြေအနေများ၊ ရွေးကောက်ပွဲကျင်းပရက်တွင် မဲရုံမဖွင့်မီကြိုတင်ဆောင်ရွက်ရမည့်အချက်များနှင့် မဲရုံပိတ်ပြီးနောက် ဆောင်ရွက်ရမည့် အခြေအနေများ၊ ကြိုတင်မဲများပေးခြင်းနှင့် ရေတွက်ရာတွင် ဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့် အဖွဲ့၀င်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲရုံလုံခြုံရေးကိစ္စများ၊ မဲရုံနေရာ သတ်မှတ်ဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်လိုကြောင်း၊ မဲ‌မပေးမီနေ့ရက်၊ မဲပေးသည့် နေ့ရက်များတွင် ပြည်သူများ ဆန္ဒမဲလာရောက်ပေးနိုင်ရေးနှိုးဆော်ရမည့် အခြေအနေများနှင့် မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် မဲပေးနိုင်ရေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့သည်။

ယင်းနောက် အနောက်ပိုင်းခရိုင် ရွေး‌ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်မျိုးအောင်နှင့် အနောက်ပိုင်းခရိုင် ရွေး‌ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့က ပါတီစုံဒီမိုကရေစီအ‌ထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် အချက်များ၊ ကျင်းပမည့် နေ့ရက်၊ ကျင်းပပြီး ကာလများတွင် ဆောင်ရွက်ရန်အချက်များအား ကဏ္ဍအလိုက် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်၊ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန (နည်းပညာအထောက်အကူပြုအဖွဲ့များမှ မဲပေးစက်နှင့် ပတ်သတ်၍ နည်းပညာဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက ပါတီစုံဒီမိုကရေစီအ‌ထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပနိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား အသေးရှင်းလင်းတင်ပြခဲ့ရာ သက်ဆိုင်ရာ တာ၀န်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)