မြိတ် ဇန်နဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက အ.ထ.က(ခွဲ)နှင့် အ.လ.က(၁)ကျောင်း၌ ကျင်းပခဲ့ပြီး နံရံကပ်စာစောင်ပြပွဲနှင့် သုတ၊ ရသ စာအုပ်များ ခင်းကျင်းပြသခဲ့သည်။
အသိပညာပေး ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဇင်ဦးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းနှင့် အနာဂတ် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့ထူးနေ့မြတ်များအကြောင်းကို သိရှိနားလည်ပြီး လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေး ကာကွယ်ထိန်းသိမ်းရန်နှင့် ဇာတိသွေးဇာတိမာန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး စသည်တို့ကို အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ချိုချိုစန်းက စာပေဖတ်ရှုခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေးပြောကြားပြီး မြိတ်ခရိုင်ရုံးဝန်ထမ်းများက ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ပြီး သုတ/ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)