မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မြို့သစ်မြို့နယ် ရေပြည့်ကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား တက်ရောက်

(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့သစ်မြို့နယ် ရေပြည့်ကျေးရွာ ၌ကျေးရွာတွင်း ကွန်ကရစ်လမ်းမကြီး ပေ (၆၀၀) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါမုခ်ဦးရှေ့၌ ကျင်းပသည်။ ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးဝန်ကြီးများက မြို့သစ်မြို့နယ်၊ ရေပြည့်ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းမကြီး  မုခ်ဦးရှေ့၌ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ ခုနှစ်၊ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ်၊ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၉) သို့ တက်ရောက်မည့် သင်တန်းသားများအား အားပေးစကားပြောကြား

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၉) (၁၁/၂၀၂၅) သို့ တက်ရောက်မည့် သင်တန်းသားများအား သင်တန်းကျောင်းသို့ မပို့ဆောင်မီ အားပေးစကားပြောကြားခြင်းနှင့် ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် (၂၀၁)၊ ခြေမြန်တပ်ရင်း စစ်သည်ခန်းမ၌ ကျင်းပသည်။

ဟားခါးမြို့၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျရောက်သည့် (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၁၀၅ နှစ် အမျိုးသားအောင်ပွဲနေ့အခမ်းအနား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ကျင်းပ

၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များဖြစ်သည့် ပုလော၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ကလေး၊ လွိုလင်၊ စစ်ကိုင်း၊ စဉ့်ကိုင်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ကျိုက်လတ်၊ သုံးခွ၊ ဝါးခယ်မ၊ ကျွန်းလှ၊ သဲကုန်း၊ ဘိုကလေး၊ မချမ်းဘော၊ အိမ်မဲ၊ တမူး၊ လဲချား၊ ဇီးကုန်း၊ ကျောက်တံတား၊ ကြည့်မြင့်တိုင်၊ သံဖြူဇရပ်

ဘားအံမြို့၌(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည်ကျော်(၁၀)ရက်၊ ၂၀၂၅ ခုနှစ်၊ ယနေ့တွင် ကျရောက်သည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။

ပဲခူးမြို့၌ ၂၀၂၅ ခုနှစ် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပ

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

(၁၀၅)နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ဟင်္သာတမြို့နယ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကွန်ကရစ် Wheel Track လမ်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ရွာသာကုန်းကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာ၌ ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၁၀၅)နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ရွာသာကုန်း ကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာကွန်ကရစ် Wheel TracK လမ်းဖဲကြိုးဖြတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါ လမ်းသစ်ဖွင့်ပွဲမုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to