ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဇမ္ဗူအေးစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီးတော်အသစ် ပြန်လည်တင်လှူပူဇော်ခြင်းအောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားသို့တက်ရောက်

မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တည်ထားကိုးကွယ်အပ်သော ဇမ္ဗူအေး စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီးတော်အသစ် ပြန်လည်တင်လှူပူဇော်ခြင်းအောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ် အစိုးရအဖွဲ့၀င် ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့သည်။

မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်က အဆိုပါ ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင် တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြင့်တင်ခြင်း သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ  အခမ်းအနားကို ဇွန်လ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမတွင် ကျင်းပရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ပေါင်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပေါင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မြောင်မြို့နယ် ပြန်/ဆက်ရုံးတွင် မီးဘေးကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

မြောင်မြို့နယ် ပြန်/ဆက်ရုံးတွင် မီးဘေးကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ မြောင် ဇွန် ၂ မြောင် (ပြန်/ဆက်)

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုချင်းဆက် ကိုယ်ထူကိုယ်ထ သဲဗြုန်းလမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ တဘက်ကျေးရွာအုပ်စုနှင့် ကုန်းဆွတ်ကျေးရွာအုပ်စု ဆက်သွယ်ထားသည့် အုပ်စုချင်းနှင့် ကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထ သဲဗြုန်းလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက တဘက်ကျေးရွာအုပ်စု၊ မဲဟဲကျေးရွာရှိ အဆိုပါမုဒ်ဦးရှေ့၌ ကျင်းပပြုလုပ်သည်။

ဘားအံမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ဇွန်လ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

ဘားအံမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ဇွန်လ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

ဝန်းသိုမြို့တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်

နွေစပါးသီးနှံကိုယ်စားပြု စံအထွက်နှုန်းအားသိရှိနိုင်ရန်၊ သီးနှံစိုက်စနစ်နှင့် စပါးမျိုးကွဲအလိုက် အထွက်နှုန်းအား သိရှိနိုင်ရန်နှင့် နွေစပါးသီးနှံအထွက်တိုးရေး အထွက်နှုန်းမိတ်ဖက်များ၏ အရေးပါမှုကို တောင်သူများ သိရှိနားလည်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးစိုက်ပျိုးရာသီ စံကွက်ရိတ် သိမ်းပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ စော်ဘွားကြီးအုပ်စု၊ တောင်သူ ဦးသန်းကြွယ်၏ နွေစပါးမျိုးစေ့ထုတ်ကွက်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to