မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေး ကျင်းပ

မိတ္ထီလာ ဇွန် ၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်က အဆိုပါ ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးကို မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ကြီး နန္ဒကျော်သူက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အစည်းအဝေး အစီရင်ခံစာနှင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွက် ရ/သုံးခန့်မှန်းခြေ စာရင်းများ ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ကြီး နန္ဒကျော်သူနှင့် တာဝန်ရှိ သူများက စည်းရုံးရေး ခေါင်းဆောင်အသစ်များအား စည်းရုံးရေးခေါင်းဆောင် ခန့်အပ်လွှာများကို ပေးအပ်ခဲ့သည်။ ယင်းနောက် မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့(စည်ပင်ပြင်ပ)မှ တစ်ဦးလျှင် ၅၀၀၀ကျပ်နှုန်းဖြင့် အဖွဲ့ဝင် ၈၀ ဦးအတွက် ထောက်ပံ့ငွေများနှင့် မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်မှ တစ်ဦးလျှင် ၁၅၀၀၀ နှုန်းဖြင့် အဖွဲ့ဝင် ၈၀ ဦးအား ထောက်ပံ့ငွေများအား တာဝန်ရှိ သူများက အသီးသီး ပေးအပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးကို မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ကြီး နန္ဒကျော်သူနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့(စည်ပင်ပြင်ပ)မှ တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)