စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင် တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မုံရွာ ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြင့်တင်ခြင်း သင်တန်း အမှတ်စဉ်(/၂၀၂၃)သင်တန်းဆင်းပွဲ  အခမ်းအနားကို ဇွန်လ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမတွင် ကျင်းပရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုယ်စား၊ တိုင်းဒေသကြီးသယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက သင်တန်းဖွင့်လှစ်ပြီးစီးမှု အခြေ အနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အဖွဲ့လိုက် စာတမ်းပြုစုခြင်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့်အဖွဲ့များနှင့် သင်တန်းသားထူးချွန် ဆု ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုလက် မှတ်နှင့် ဂုဏ်ပြဆုငွေများအား သင်တန်းသား၊သင်တန်းသူများထံ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက သင်တန်းသား၊သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်း အမှတ်စဉ် /၂၀၂၃ အား မေလ ရက်နေ့မှ ဇွန်လ ရက်နေ့အထိ ရက်သတ္တပတ် ပတ် ကြာသင်ကြားခဲ့ရာ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)