ဘားအံ ဇွန် ၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ဇွန်လ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၄၄၉) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၃) ကျောင်းတို့တွင် မူလတန်းအဆင့် ကျောင်းသား/သူ (၆၂၇၅၉) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၁၃၅၅၅) ဦး၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၄၅၄၆) ဦး စုစုပေါင်း (၈၀၈၆၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူ များမှ ကျောင်းများမဖွင့်မီ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြေရေး၊ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးအေတွက် သစ်ပင်ခြံနွယ်များရှင်းလင်းခြင်းများကို စနစ်တကျစီမံဆောင်ရွက်၍ ကျောင်းသား/ကျောင်း သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)