တနင်္သာရီ ဇွန် ၃
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင် ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန် တုတ်ကွေးရောဂါဆိုးမှကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လန်းများမပေါက်ဖွားစေရေးအတွက် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့်ပူးပေါင်းအဖွဲ့များက ဇွန်လ ၃ရက်နေ့ နံနက်၇နာရီအချိန်မှစ၍ မြို့မရဲစခန်းနှင့် ချောင်းငယ်ရပ်ကွက်အတွင်းရှိ လမ်းများတိုင်း အဘိတ်ဆေးခတ်ပေး ခြင်းလုပ် ငန်းများကို အဖွဲ့များခွဲ၍ တစ်အိမ်တက်တစ်အိမ်ဆင်းဖြင့် သွားရောက်၍ ပူးပေါင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်အဖြစ်ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ဆေးရုံ လ/ထဆရာဝန် ဒေါက်တာနွေးဟေမာသင်းနှင့်မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အမျိုး သမီးရေးရာနှင့်မိနှင့်ကလေး စောင့်ရှောက်အဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်ဆုဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာန လ/ထဦးစီးမှူး ဦးအာကာထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ ချောင်းငယ်ရပ်ကွက်အုပ် ချုပ်ရေးမှူးဦးမြင့်ကို တို့ကချောင်း ငယ်ရပ် ကွက်အတွင်းရှိ လမ်းများအတိုင်း နေအိမ်များသို့ အိမ်စဉ် အလိုက်တစ်အိမ် တက်တစ်အိမ်ဆင်း သွားရောက်ရေကန်များ၊ ရေတိုင်ကီ၊ ရေပုံးများအတွင်း အဘိတ်ဆေးများ ခတ်ပေးကြပြီး အိမ်ရှင်များကိုလည်း ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ကြရေးပညာ ပေးပြောကြား ခဲ့ကြကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)