ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ၂၀၂၃ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ တက်ရောက်

ဟိုပုံး ဇွန် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က ပေါင်လင်းကျေးရွာအုပ်စု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်‌ကျောင်း(ပေါင်လင်း)တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို တစ်ဦး တစ်ယောက်မှစ၍ ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပါကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ကို လေးစားသူများ အနေနဲ့ သစ်တောသစ်ပင်ကို ချစ်ခင်စွာ ထိန်းသိမ်းကြရမည်ဖြစ်ပြီး လေထု၊ ရေထု၊ ညစ်ညမ်းမှုများလျော့ ချနိုင်ရေး၊ စက်ရုံသုံး စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရေး၊ ပလတ်စတစ်သုံးစွဲမှုလျော့ချနိုင်ရေးနှင့် သဘာဝသားငှက်တိရစ္ဆာန်များကို ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ လူသားများဟာ သစ်ပင်၊ သစ်‌တောများကို လိုအပ်သည်ထက်ပိုမို သုံးစွဲခြင်းဖြင့် သစ်တော သယံဇာတများကို ပျက်စီးစေခဲ့ပါကြောင်း၊ သစ်တောပြုန်းတီးမှုများပြားလာခြင်းနှင့်အတူ သစ်တော၊ သစ်ပင်များကို မှီခိုနေထိုင်ကြသည့် တိရိစ္ဆာန်များလည်း မျိုးစိတ်ပျက်သုန်းရှားပါးသည်အထိ ဖြစ်လာခဲ့ပါကြောင်း၊ သစ်တောများ ပျက်စီးခြင်းကြောင့် ရာသီဥတု‌ဖောက်ပြန်သည့် ပြဿာနာများနဲ့လည်း ရင်ဆိုင်ကြရမှာဖြစ်ပါကြောင်း၊ ယနေ့ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ရဲ့ ဆောင်ပုဒ်ကတော့ “ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ပဲဖြစ်ပါကြောင်း၊  လူသားတစ်ချို့ရဲ့ တာဝန်မဲ့မှုကြောင့် ပတ်ဝန်းကျင် အရည်အသွေးများကျဆင်းကာ ကမ္ဘာ့ပတ်ဝန်းကျင်ကြီးပျက်စီးရန် ဦးတည်နေရာမှာ ကမ္ဘာကြီးအတွက် ကြီးလေးသော အနှောင့်အယှက်တစ်ခုအဖြစ်ထပ် တိုးနေသည်မှာ လူသားများစွန့်ပစ်လိုက်သည့် ပလတ်စတစ်အမှိုက်များ ဖြစ်ပါကြောင်း၊ မိမိပတ်ဝန်းကျင် နှင့် ကမ္ဘာ့ပတ်ဝန်းကျင် အကျိုးကိုပျက်ယွင်းစေမည့် အပြုအမူများအား အတတ်နိုင်ဆုံးရှောင်ရှားခြင်းဖြင့် ကောင်းမွန်လှပသော ကမ္ဘာကြီးကို ဖန်တီးကြပါစို့လို့ပြောကြားခဲ့သည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်စို့ ဆောင်ပုဒ်နှင့် ပတ်သက်သည်များကို အကျယ်တဝင့်ရှင်း ပြောကြားပြီးနောက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးမှ ပြသသည့် ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်စို့ နံရံကပ်စာစောင်များ ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်‌ရောက်ခဲ့ကြောင်း သိရသည်။

ပအိုဝ်း‌ဒေသ(ပြန်/ဆက်)