အုတ်တွင်း ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် Ait GIS နည်းပညာအသုံးပြု၍ Census units များ ရပ်ကွက်အလိုက် ရေးဆွဲခြင်းလုပ်ငန်းများအား ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် သန်းခေါင်စာရင်းယူနစ်များရေးဆွဲခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် အုတ်တွင်းမြို့နယ်အတွင်း မြို့ပေါ်ခြောက်ရပ်ကွက်နှင့် ကျွဲပွဲမြို့ငါးရပ်ကွက်စုစုပေါင်း ၁၁ ရပ်ကွက်အတွင်း Ait GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များနှင့် စာရင်းကောက်ကွက်မြေပုံများရေးဆွဲခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (ရုံးချုပ်)ပညာရှင်ဝန်ထမ်းများ၊ မြို့နယ်ဦးစီးမှူးရုံးမှဦးစီးမှူး ဦးဝင်းနိုင်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများပူးပေါင်း၍ Computer/Laptop/Mobile Tablet များဖြင့် သန်းခေါင်စာရင်းယူနစ်များရေးဆွဲခြင်း၊ စစ်ဆေးအတည်ပြုခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး မြို့ပေါ် ၁၁ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၆၄၁၇ စု ကျား/မဦးရေ ၂၈၀၈၉ ဦး ရေးသွင်းအတည်ပြုပြီးဖြစ်သည်။
သန်းခေါင်စာရင်းယူနစ်များနှင့်မြေပုံများရေးဆွဲခြင်းလုပ်ငန်းဆောင်ရွက်ရာသို့ တောင်ငူခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်သန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီနှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)