ကြံခင်းမြို့တွင် မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့ငွေများပေးအပ်

ကြံခင်း ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ဇွန်လ (၄) ရက်နေ့က မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှူံးသွားသော အိမ်ထောင်စု(၁)စုနှင့် မီးဘေးသင့်သေဆုံးသူ တစ်ဦးအတွက်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နေ့နံနက် (၁၁) နာရီအချိန်က ကြံခင်းမြို့ ဧရာသီရိခန်းမတွင် ထောက်ပံ့ပေးကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရခြင်းမှာ ဇွန်လ (၄) ရက်နေ့ နံနက်ပိုင်းက မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားသဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှထောက်ပံ့သော မီးဘေးသင့်အိမ်ထောင်စုတစ်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၂၀၀၀၀ဝိ/)၊ ဆန်ရိက္ခာဖိုး (၆၃၀ဝိ/)၊ တကိုယ်ရည်သုံးပစ္စည်း(၁၇)မျိုးပါ ပုံးတစ်ပုံးနှင့် မီးဘေးသင့်သေဆုံးသူတစ်ဦးအတွက် ငွေကျပ်(၃၀၀၀၀ဝိ/) ထောက်ပံ့ခြင်းကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက မီးဘေးသင့်အိမ်ထောင်စု လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်သိမ်းကျော်နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ မီးဘေးသင့်အိမ်ထောင်စုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)