ဆုထူးပန်အဘိဓမ္မာထွန်းကားပြန့်ပွားရေးအသင်းက ကြီးမှူးဖွင့်လှစ်သော စတုတ္ထအကြိမ်မြောက် အဘိဓမ္မာသင်တန်းဖွင့်လှစ်

ရန်ကုန် ဇွန်  ၇

ဆုထူးပန်အဘိဓမ္မာထွန်းကားပြန့်ပွားရေးအသင်းကကြီးမှူးဖွင့်လှစ်သော "စတုတ္ထအကြိမ်မြောက်အဘိဓမ္မာသင်တန်း"ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမကြီး၊ အင်းလျားရွာသစ်ကျောင်းတိုက်ဝင်းရှိ အနန္တဂုဏ်ရည်ကျောင်းဆောင်သစ်ကြီး၌ ကျင်းပသည်။

ဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီးအင်းလျားရွာသစ်ကျောင်းတိုက်ပဓာန နာယကဆရာတော်ထံမှသင်တန်းသားများက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဆုထူးပန်အဘိဓမ္မာထွန်းကားပြန့်ပွားရေးအသင်းသင်တန်းမှူး မဟာသဒ္ဓမ္မဇောတိကဓဇဆရာကြီးဦးဟန်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားပြီး သင်တန်းဆရာ၊ ဆရာမများနှင့် တစ်ဦးချင်းမိတ်ဆက်ပေး၍ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

အဆိုပါသင်တန်းသို့သင်တန်းသား ၇၀ ဦးတက်ရောက်ကြပြီး သင်တန်းကို ဇွန် ၆ ရက်နေ့မှစတင်၍ အဂ်ါ-ဗုဒ္ဓဟူးနေ ညနေ ၅ နာရီမှ ၆ နာရီခွဲ အထိတစ်နှစ်ပတ်လုံးအဘိဓမ္မာဋီကာကျော်ဝိသုဒ္ဓိမဂ်ဘာသာရပ်များအား သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)