ဝါးခယ်မ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ရီရီလွင်မှ စားသုံးသူအခွင့်အရေးများ၊ ဈေးကွက်အတွင်းကုန်စည်နှင့်ဝန်ဆောင်မှုအရ ဥပဒေများဆောင်ရွက်နေမှုများကိုဆွေနွေးတင်ပြရာ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးမှ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၉ ဖြင့် ထပ်မံထုတ်ပြန်ထားပြီး စားသုံးသူရေးရာဝန်ကြီးဌာန၏ မျှော်မှန်းချက်မှာ စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရန်၊ ရည်မှန်းချက်မှာ စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ဆောင်ရွက်ရန်၊ ထုတ်ကုန်များကိုလုံခြုံစိတ်ချမှုရှိစေရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် စသည့်မျှော်မှန်းချက် ရည်မှန်းချက်များနှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူရေးရာအခွင့်အရေးများကတော့ စားသုံးသူများအတွက် ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များတွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများစိတ်ကြိုက် ရွေးချယ်ဝယ်ယူခွင့်ရှိခြင်း၊ စားသုံးသူများ၏နစ်နာဆုံးရှုံးမှုများတွင် ရှင်းလင်းတင်ပြမှုနှင့် တိုင်ကြားခွင့်ရှိခြင်း၊ ကုန်စည်တွင်ပါရှိသောကုန်ကြမ်းပစ္စည်း အမျိုးအမည်ထွက်ပစ္စည်းများ၏ပမာဏ ပါဝင်မှုအမျိုးအစားများ၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးနှင့် ဓာတ်မတည့်ကြောင်းကြိုတင်သတိပေးစားများ၊ သက်ဆိုင်ရာအစိုးရဌာနများကဖော်ပြရန် အချက်အလက်များပါဝင်ကြောင်းစသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)