ဝါးခယ်မ ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့နံနက် ၈ နာရီ အချိန်က သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ပညာရေးဌာနရှိဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ဝါးခယ်မမြို့၊ လှေကျင်းရပ်ကွက်ရှိ မဟာဓမ္မိကာရုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်များအလွယ်တကူ ပေါက်ပွားနိုင်သည့် ရေစည်၊ ရေပုံးများ၊ ရေတွင်း၊ ရေကန်များ၊ ရေမြောင်းများတွင် ပိုးလောက်လန်းများပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)