ဓနုဖြူ ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ စစ်ဆေးခြင်းနှင့် INSTALLATION တပ်ဆင်အသုံးပြုခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရွှေဟင်္သာကျောင်းတိုက် ဗိမာန်တွင် ပြုလုပ်ဆောင်ရွက်ကြောင်းသိရသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်များ စစ်ဆေးခြင်းနှင့် (INSTALLATION) တပ်ဆင်အသုံးပြုခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အနီးကပ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM INSTALLATION တပ်ဆင်အသုံးပြုခြင်းသင်တန်း တက်ရောက်ထားသည့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)တပ်ဆင်ခြင်း၊ လွှတ်တော်အလိုက် မဲပေးစက်အတွင်း SD ကဒ်များထည့်သွင်းခြင်း၊ စတေကာတပ်ဆင်ခြင်းများကို နည်းစနစ်တကျ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း ရပ်ကွက် ၁၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၃)အုပ်စုတွင် မဲရုံပေါင်း(၁၅၈)ရုံမှ မဲဆန္ဒရှင်ပြည်သူ (၁၁၄၆၆၄)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)