စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ‌ပေးဟောပွဲကျင်းပ

စစ်ကိုင်း ဇန်နဝါရီလ ၁၆

မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ     မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာ   အသိပညာပေးဟောပြောပွဲကို  ယမန်နေ့မွန်လွဲပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်ကြား၊ စီမံဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဟောပြောပွဲတွင်    စစ်ကိုင်းပညာရေးတက္ကသိုလ်  ပါမောက္ခချုပ်ဒေါက်တာအေးသက်သက်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး

ရဲတပ်ဖွဲ့မှ  ဒုတိယရဲမှူးအောင်ကျော်စိုးက  မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း   သိကောင်း

စရာများကို   အသိပညာပေး‌ဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ဒုတိယရဲမှူးအောင်ကျော်စိုးက  ပြန်လည်ဖြေကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)