ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် POLYTECHNIC UNIVERSITY (MAUBIN) မောင်မယ်သစ်လွင်ကြိုဆိုပွဲ တက်ရောက်

မအူပင် ဇန်နဝါရီလ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ရှိ POLYTECHNIC UNIVERSITY (MAUBIN)၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်နယ်သစ်လွင်ကြိုဆိုပွဲအား ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက POLYTECHNIC UNIVERSITY (MAUBIN) သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုနှင့် ပညာရည်ချွန်ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများမှ ပြည်ထောင်စုရဲ့ ထာဝရအလှ သီချင်းဖြင့်လည်းကောင်း၊ တေးသရုပ်ဖော် အကအလှများဖြင့် လည်းကောင်း၊ ရွေးချယ်ထားသောအလှမောင်မယ်များမှ အလှပြခြင်းများဖြင့် လည်းကောင်းဖျော်ဖြေခဲ့ကြသည်။

အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ POLYTECHNIC UNIVERSITY (MAUBIN)မှ ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာသန္တာသိန်းနှင့် ဒုတိယပါမောက္ခချုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)နှင့် ပါမောက္ခများ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်း သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)